ဒစ်ဂျစ်တယ် မြန်မာကျပ်
ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) သည် တရားဝင် ငွေကြေးတစ်ခုဖြင့် ကျောထောက်နိုင်ခံပြုထားသော ဒစ်ဂျစ်တယ် ငွေကြေးတစ်ခု ဖြစ်ပါသည်။ လက်ရှိအခြေအနေ၌ DMMK သည် စျေးကွက်အတွင်း၌ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး (CBDC) ကဲ့သို့ တည်ရှိမည် ဖြစ်ပါသည်။
DMMK စနစ်ကို လွတ်လပ်စွာ တည်ရှိမှု၊ အလွယ်တကူရရှိနိုင်မှု၊ တီထွင်ဆန်းသစ်မှုနှင့် လုံခြုံမှု စသည့် အခြေခံမူများဖြင့် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဤမူဝါဒများကို လက်ရှိ စိန်ခေါ်မှုများဖြစ်သော ပြည်သူများ၏ဘဏ္ဍာရေး အကျပ်အတည်းများ၊ ကိုယ်ရေးအချက်အလက်လုံခြုံရေး၊ နည်းပညာ၊ အသုံးစရိတ်နှင့် စီးပွါးရေးအခြေအနေများအား အကျိုးပြုမှုတို့ကို လေ့လာဆန်းစစ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ထားပါသည်။ ထို့အပြင် ရှိသင့်သော ငွေကြေးလက္ခဏာများ၊ ဒီဂျစ်တယ်ငွေကြေးဂေဟစနစ်ဖော်ဆောင်ခြင်း၊ တာဝန်ခံမှုရှိခြင်း၊ နည်းပညာဆိုင်ရာ လမ်းပြမြေပုံများနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လေ့လာမှုအားလုံးကို ဆောင်ရွက်ပြီး ပြန်လည် ပြင်ဆင်ထားပါသည်။ မြန်မာနိုင်ငံအတွက် လွပ်လပ်ပြီး လုံခြုံရေးကောင်းမွန်မှု အားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရသော စနစ်ပုံစံတစ်ခု အဖြစ် DMMK ဒီဇိုင်းကို ဖန်တီးထားပါသည်။ DMMK ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်
- DMMK သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တစ်ခုတည်းသောတရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော တရားဝင် ငွေကြေးတခုဖြင့် ကျောထောက်နောက်ခံ ပြုထားသည့် နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန မှ တာဝန်ယူ လုပ်ငန်းဆောင်ရွက်ပါမည်။ DMMK သည် ငွေကြေး၏ လုပ်ဆောင်ချက်များ ဖြစ်သည့် ရေတွက်မှု ပြုလုပ်နိုင်ခြင်း၊ ငွေဖလှယ်ရေးကြားခံပစ္စည်းဂုဏ်သတ္တိ ရှိခြင်း၊ တန်ဖိုးတစ်ခုသိုလှောင်ထားနိုင်ခြင်း တို့အား လုပ်ဆောင်နိုင်ပါသည်။ DMMK သည် တရားဝင်အစိုးရမှ အသိအမှတ်ပြုထားသော တရားဝင်ငွေကြေးတစ်ခုပင် ဖြစ်ပါသည်။
- DMMK သည် ဗဟိုစီမံခန့်ခွဲမှုပုံစံနှင့် နှစ်ဆင့်လုပ်ငန်းဆောင်ရွက်မှုစနစ်တို့ကို ကျင့်သုံးထားပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ သည် DMMK အား တရားဝင် ထုတ်ဝေသူဖြစ်ပါသည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသည် DMMK စနစ်၏ စီမံခန့်ခွဲမှုလုပ်ငန်းတာဝန်များ၊ ဖြန့်ဝေခြင်းနှင့် ငွေကြေးစနစ်တခုလုံးအား ခြုံငုံ ထိန်းချုပ်ကွပ်ကဲသည့် လုပ်ငန်းစဉ်များကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ တရားဝင်ခန့်အပ်ထားသော ကိုယ်စားလှယ်များနှင့် မိတ်ဖက်ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူများကြား ငွေကြေး လဲလှယ်ခြင်းနှင့် လှည့်လည်သုံးစွဲခြင်းများကို တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
- DMMK ကို ထိရောက်ချောမွေ့သော ငွေပေးချေမှု ငွေကြေးလွှဲပြောင်းမှုတို့အတွက် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မြန်မာပြည်သူများအနေဖြင့် တရားဝင်ငွေကြေးများဖြစ်သော မြန်မာကျပ်ငွေ သို့မဟုတ် DMMK အား အသုံးပြုနိုင်မည် ဖြစ်ပါသည်။
- DMMK သည် လက်လီအားဖြင့် ရောင်းဝယ်ဖောက်ကားရန် ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။ DMMK ထုတ်ဝေခြင်းဖြင့် မြန်မာပြည်သူများ၏ နေ့စဉ်ငွေကြေးဆိုင်ရာ လိုအပ်ချက်များ၊ လက်လီငွေပေးချေမှု စနစ်၊ လုံခြုံသော ငွေပေးချေမှုနှင့် ခေတ်မီဘဏ္ဍာရေးဝန်ဆောင်မှုများအား အကုန်အကျသက်သာစွာဖြင့် ရရှိစေမှာ ဖြစ်ပါသည်။
- DMMK သည် Token-based ဒစ်ဂျစ်တယ် ငွေကြေး ဖြစ်ပါသည်။ အသုံးပြုသူများသည် NUGPay ဒစ်ဂျစ်တယ် wallet ထဲသို့ အသိအမှတ်ပြု ကိုယ်စားလှယ်မှတဆင့် Top-up ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
- DMMK shall be distributed to the end-users through the digital wallet named “NUGPay”.