NUGPay Application ကို ဘယ်ဖုန်းအမျိုးအစားဖြင့် အသုံးပြုနိုင်သလဲ?
စမ်းသပ်ကာလတွင် Android ဖုန်းများဖြင့်သာ download ရယူအသုံးပြုနိုင်မှာဖြစ်ပြီး နောက်ပိုင်းတွင် iOS များအတွက်လဲ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်နေပါသည်။
အောက်ပါ အမေးအဖြေများတွင် သိသင့်သိထိုက်သည်များ ပါရှိပါသည်။ ထပ်မံသိရှိလိုပါက NUGPay hotline သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ Customer Service ကိုယ်စားလှယ်များမှ ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။
စမ်းသပ်ကာလတွင် Android ဖုန်းများဖြင့်သာ download ရယူအသုံးပြုနိုင်မှာဖြစ်ပြီး နောက်ပိုင်းတွင် iOS များအတွက်လဲ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်နေပါသည်။
NUGPay Application အတွက် အသုံးပြုခပေးရန်မလိုအပ်ပါ။ သို့သော် ပထမဦးဆုံး အကြိမ်အဖြစ် အကောင့်ဖွင်ရာတွင် Activation ပြုလုပ်ရန်အတွက် မြန်မာငွေကျပ် ၃၀၀၀ကျပ် ကျသင့်မှာဖြစ်ပါသည်။ Activation Top Up Card တခုလျှင် မြန်မာငွေ ၁၀၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်ပြီး Activation ပြုလုပ်နိုင်ပါသည်။ လက်ကျန်ငွေ ၇၀၀၀ ကို အသုံးပြုသူမှ ဆက်လက် သုံးစွဲနိုင်မှာဖြစ်ပါသည်။
Activation တခါပြုလုပ်ပြီးရင် တနှစ်အထိအသုံးပြုနိုင်မှာဖြစ်ပါသည်။
NUGPay မှ NUGPay သို့ ငွေလွှဲပြောင်းခြင်းများအားလုံးအတွက် အခမဲ့ဖြစ်ပြီး ငွေပြန်ထုတ်ယူရာတွင် အသုံးပြုသူ၏ ကိုယ်ပိုင်ဘဏ်အကောင့် (Third Party Bank) ပေါ်တွင်မူ တည်ပြီး သုံးစွဲခကျသင့်မှာဖြစ်ပါသည်။ ကျသင့်ငွေဟာ Third Party Bank မှ ကောက်ခံ ငွေသာ ဖြစ်ပြီး NUGPay ဖြင့် သက်ဆိုင်ခြင်းမရှိပါ။
NUGPay Wallet အမည် သို့မဟုတ် Address သို့မဟုတ် QR Code ကို scan ဖတ်ပြီး ငွေလွှဲပေးပို့နိုင်ပါသည်။ ငွေလွှဲပေးပို့ရာတွင် လုံခြုံရေး PIN နံပါတ် ၆လုံးကို ရေးသွင်းရမှာ ဖြစ်ပါသည်။ NUGPay အချင်းချင်းငွေလွှဲမှုများမှာ အခမဲ့ဖြစ်ပါသည်။
သက်ဆိုင်ရာ Authorized Agent များထံဆက်သွယ်ပြီးနောက် Authorized Agent ၏ ဘဏ်အကောင့်ထဲသို့ ကျသင့်ငွေကိုပေးသွင်းပါ။ ထို့နောက်မိမိ၏ NUGPay Wallet address (သို့မဟုတ်) QR Code ကို Authorized Agent သို့ပေးပြီး Top Up ပြုလုပ်နိုင်ပါသည်။ ငွေပေးချေမှုများကို ပြုလုပ်ပြီး မှသာ one time Top Up Code ကိုရရှိနိုင်မှာဖြစ်ပါသည်။
ကန့်သတ်ထားခြင်းမရှိပါ။
ကန့်သတ်ထားခြင်းမရှိပါ။
ကန့်သတ်ထားခြင်းမရှိပါ။
အကောင့်ဖွင့်စဉ်က ရရှိခဲ့တဲ့ လျှို့ဝှက်စကားစု (secret phrase) နှင့် pin နံပါတ် ၆လုံးရှိပါက မည်သည့်ဖုန်းတွင်မဆို အကောင့်ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပါသည်။
မရနိုင်သေးပါ။ NUGPay account ရှိသူအချင်းချင်းသာလျှင်ငွေလဲခြင်းကို ပြုလုပ်နိုင်ပါသည်။