NUGPay ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များ

ဤ မှတ်ပုံတင်သဘောတူညီချက်သည် NUGPay Application နှင့် အသုံးပြုသူတို့အကြား NUGPay ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို သုံးစွဲသူများမှ ရယူအသုံးပြုရန်အတွက် မှတ်ပုံတင်ခြင်း (သို့မဟုတ်) NUGPay အား အသုံး ပြုရန်အတွက် ချူပ်ဆိုသော သဘောတူညီချက်ဆိုင်ရာအချက်အလက်များကို ဆိုလိုခြင်း ဖြစ်သည်။

အထွေထွေ

"NUGPay" ဆိုသည်မှာ ပြည်သူလူထု၏ လိုအပ်ချက်နဲ့အညီ လွယ်ကူ၊ လျင်မြန်သော မိုဘိုင်းငွေပေးငွေယူ စနစ်တခုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ထိန်းချူပ်မှုအောက်တွင် ရှိ၍ အချိန်မရွေး နေရာမရွေး အင်တာနက်နှင့် မိုဘိုင်းဖုန်းရှိရုံဖြင့် လုံခြုံစိတ်ချစွာ အလွယ်တကူ စိတ်ကြိုက် အသုံးပြုနိုင်သော NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို ဆိုလိုသည်။

DMMK သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တစ်ခုတည်းသောတရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော ငွေကြေးတစ်ခုဖြင့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ် ငွေကြေး ဖြစ်သည်။

ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) သည် မြန်မာကျပ် (MMK) နှင့်အတူ ယှဉ်တွဲတည်ရှိပြီး ၎င်းနှင့် တန်ဖိုးတူညီသည့် နိုင်ငံသုံးငွေကြေးဖြစ်သည်။

DMMK ကို NUGPay မိုဘိုင်းပိုက်ဆံအိတ် မှတစ်ဆင့် ခွဲဝေခြင်း၊ ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းတို့ ပြုလုပ်ရမည်။ DMMK ကို မြန်မာကျပ် သို့မဟုတ် ခွင့်ပြုထားသော နိုင်ငံခြားငွေများနှင့် အပြန်အလှန် လဲလှယ်နိုင်ပါသည်။

ဤသဘောတူညီချက်တွင် အသုံးပြုမှု၏ အဓိပ္ပါယ်မှာ ဤတွင်ဖြစ်သည်။

"ကိုယ်ရေးကိုယ်တာအချက်အလက်" ဆိုသည်မှာ NUGPay မှ ပိုင်ဆိုင်သည် ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ တစ်ဦးတစ်ယောက်အား မည်သူမည်ဝါဟု ခွဲခြားသိမြင်စေနိုင်သော အချက်အလက်များကို ဆိုလိုသည်။

"သုံးစွဲသူ"ဆိုသည်မှာ ငွေကြေးဝန်ဆောင်မှုကို ရယူအသုံးပြုရန် မှတ်ပုံတင်၍ ဝန်ဆောင်မှုများကို ရယူ အသုံး ပြုသော လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကို ဆိုလိုသည်။

"ဝန်ဆောင်မှုများ" ဆိုသည်မှာ NUGPay သုံးစွဲသူ အချင်းချင်း ငွေပေးငွေယူပြုလုပ်ခြင်း၊ DMMK နှင့် မြန်မာကျပ် (သို့) ခွင့်ပြုထားသော ငွေကြေးနှင့် လဲလှယ်ခြင်းတို့ကို ဆိုလိုသည်။

"ငွေစာရင်းအကောင့်" "NUGPay Account" ဆိုသည်မှာ ဤသဘောတူစာချူပ်ပါ စည်ကမ်းသတ်မှတ်ချက် များနှင့်အညီ အသုံးပြုသူ ရယူပိုင်ဆိုင်ဆောင်ရွက်ခွင့်ရှိသည့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုဆိုင်ရာ ငွေစာရင်း အကောင့်တခုဖြစ်သည်။

"NUGPay" ဆိုသောစကားရပ်အား "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၏" ဟူ၍ရည်ညွှန်းဖော်ပြမည်။

သဘောတူညီချက်များ

  1. သုံးစွဲသူသည် အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
  2. သုံးစွဲသူသည် NUGPay ၏ ဝန်ဆောင်မှုများကို အသုံးမပြုမီ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် ဝန်ဆောင်မှုများနှင့်သက်ဆိုင်သော စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များကို တိကျသေချာ ရှင်းလင်းစွာ နားလည်သဘောပေါက်သည်အထိ ဖတ်ရှုရန် တာဝန်ရှိမည် ဖြစ်သည်။ ဤဝန်ဆောင်မှု ဆိုင်ရာ စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များအား တိကျသေချာ ရှင်းလင်းစွာ နားလည် သဘောပေါက်မှုမရှိလျှင် NUGPay Official Facebook စာမျက်နှာ ၏ Messenger မှတဆင့် Customer Service သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
  3. ကျွန်ုပ်တို့သည် NUGPay မှ ဝန်ဆောင်မှုပေးနိုင်ရန် သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်များ အား တောင်းခံရယူရခြင်း ဖြစ်ပါ သည်။ ကျွနုပ်တို့သည် သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်များအား တည်ဆဲဥပဒေများနှင့်အညီ ထိန်းသိမ်းထားနိုင်ရန် အလို့ဌာ သင့်လျော်သော ဆောင်ရွက်မှုများ သို့မဟုတ် လုပ်ဆောင်ချက်များ ပြုလုပ်မည်ဖြစ်ပါသည်။ သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက်များအညး အကာအကွယ်ပြုထိန်းသိမ်းခြင်း နှင့် ဒေတာစုဆောင်းခြင်းဆိုင်ရာ အချက်အလက်အသေးစိတ် အကြောင်းအရာများကို သိရှိလိုပါက၊ ကိုယ်ရေးကိုယ်တာမူဝါဒကဏ္ဍအောက်ရှိ www.nugpay.app တွင် ဖတ်ရှုနိုင်ပါသည်။
  4. သုံးစွဲသူများသည် NUGPay Account ပြုလုပ်သည့်အခါ လျှို့ဝှက်စကားစု (Login Key) ကို ရရှိမည်ဖြစ်ပြီး ကိုယ်ပိုင် PIN နံပါတ်အား ထည့်သွင်းရပါမည်။ ၎င်း လျှို့ဝှက်စကားစု (Login Key) နှင့် PIN နံပါတ်အား မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးပြောကြားခြင်းမျိုး မပြုလုပ်ဘဲ လျှို့ဝှက်စွာ ထားရှိရမည် ဖြစ်သည်။
  5. သုံးစွဲသူသည် လျှို့ဝှက်စကားစု (Login Key) သို့မဟုတ် PIN နံပါတ်အား မေ့လျော့သွားခဲ့သည်ရှိသော် NUGPay ၏ Customer Serviceသို့ချက်ချင်းဆက်သွယ်သတင်းပေးပို့ရမည်။
  6. သုံးစွဲသူသည် NUGPay Account ဖွင့်ထားသော ဖုန်းအား ပျောက်ဆုံးသွားပါက NUGPay ထံ Facebook page (သို့မဟုတ်) Customer Service Hotline မှတဆင့် ချက်ချင်း အကြောင်းကြားရမည်။
  7. သုံးစွဲသူသည် ငွေကြေးလဲလှယ်မှု နှုန်းထားများအား NUGPay မှ တပတ်လျင်တကြိမ် ပြောင်းလဲ သတ်မှတ်ပေးမှု ရှိနိုင်သည်ကို နားလည်သဘောပေါက် လက်ခံပါသည်။ ငွေကြေးစေ◌ျးနှုန်းများကို NUGPay websiteဖြစ်သည့် www.nugpay.app တွင် ကြိုတင်စုံစမ်းပြီးမှသာ ဝန်ဆောင်မှုများရယူရန် သိရှိနားလည်ရပါမည်။
  8. ထို့အပြင် သုံးစွဲသူအား တစ်လ ကြိုတင်အသိပေး အကြောင်းကြားပြီးနောက် NUGPay အနေဖြင့် ၎င်း၏ ဝန်ဆောင်မှုများအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ မည်သည့်အချိန်တွင်မဆို ပြောင်းလဲခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ခွင့်ရှိသည်။
  9. သုံးစွဲသူသည် ငွေကြေးခဝါချမှု နှင့် အကြမ်းဖက် အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ခြင်း တို့အပြင် ဥပဒေနှင့် မလွတ်ကင်းသော၊ တရားမဝင်သော၊ လိမ်လည်လှည့်ဖြားလိုသောသို့မဟုတ် ပြစ်မှုမကင်း သော ရည်ရွယ်ချက်ဖြင့် NUGPay ၏ ဝန်ဆောင်မှုများကို အသုံးမပြုရ။
  10. သုံးစွဲသူသည် NUGPay ၏ ဝန်ဆောင်မှုများအား ဥပဒေနှင့် မလွတ်ကင်းသော ကိစ္စရပ်များ အထူးသဖြင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးပြုနေသည်ဟု စစ်ဆေးတွေ့ရှိပါလျှင် ဝန်ဆောင်မှု အား ချက်ချင်း ရပ်ဆိုင်းမည်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ အရေးယူမှုများ နှင့်ပတ်သတ်၍ NUGPay နှင့် မည်သို့မျှမသက်ဆိုင်သည့်အပြင် မည်သည့် တာဝန်ရှိမှု ၊ တာဝန်ခံမှုများ ရှိလိမ့်မည်မဟုတ်ပါ။
  11. NUGPay အနေဖြင့် ဤစည်းကမ်းချက်များနှင့် ကန့်သတ်ချက်များပါ အပိုဒ် ၉ နှင့် ၁၀ ကို လိုက်နာမှုမရှိကြောင်း တွေ့ရှိပါလျှင် သုံးစွဲသူအား ကြိုတင်အကြောင်းရန် မလိုအပ်ဘဲ ၎င်း၏ ဝန်ဆောင်မှုများကို ချက်ချင်း ရပ်ဆိုင်းပိုင်ခွင့် သို့မဟုတ် ဖျက်သိမ်းပိုင်ခွင့်ရှိသည်။
  12. NUGPay ၏ ဝန်ဆောင်မှုကို အသုံးပြုရာတွင် ကျေနပ်မှုတစ်စုံတစ်ရာ မရှိခဲ့လျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ ကိုယ်စားလှယ်နှင့် အငြင်းပွားမှု ပေါ်ပေါက်ခဲ့လျှင် သော်လည်းကောင်း NUGPay ၏ Facebook စာမျက်နှာ သို့မဟုတ် Website မှတဆင့် Customer Service သို့ ဆက်သွယ်နိုင်ပါသည်။
  13. NUGPay ၏ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များသည် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီ ဖြစ်သည်။